အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှ ဦးဆောင်ဖွဲ့စည်းမည့် လူ့အခွင့်tရေးကော်မရှင် အပါအ၀င် အခြား ကော်မရှင်များတွင် ထင်ရှား သည့် ဒီမိုကရေစီအင်အားစုဖြစ်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှထိပ်သီးခေါင်းဆောင်များက တာဝန်ယူပေးရန်အန်အယ်လ်ဒီ ပါတီဘက်မှ ကမ်းလှမ်းမှုအပေါ် ၈၈ မျိုးဆက်ဘက်မှ ငြင်းပယ်ထားကြောင်း နှစ်ဖက်အသိုင်းအ၀ိုင်းတွင်ရှိသော The Ladies News ၏ ယုံကြည်စိတ်ချရ သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
Showing posts with label ၈၈ မျိုးဆက်. Show all posts
Showing posts with label ၈၈ မျိုးဆက်. Show all posts
Tuesday, March 22, 2016
Wednesday, February 17, 2016
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်းဖြစ်သည့် ရှမ်းမြောက်တိုက်ပွဲများ ရပ်တန့်ရန် ၈၈ မျိုးဆက်တောင်းဆို
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားနေသည့် နှစ်ဖက် လက်နက်ကိုင်တပ်များကို တိုက်ပွဲများ ရပ်တန့်ရန် တွေ့ဆုံမေတ္တာ ရပ်ခံသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုဂျင်မီက ပြောသည်။
Thursday, December 10, 2015
ဗီယက်နမ်နိုင်ငံက ပြုပြင်ပြောင်းလဲရေးပါတီနှင့် ၈၈ မျိုးဆက်(ငြိမ်း၊ပွင့်)တို့ တွေ့ဆုံ
ဗီယက်နမ်နိုင်ငံမှ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးပါတီ (Vietnam Reform Party)၊ ဆက်ဆံရေးညွှန်ကြားရေးမှူး Mr.Trinh Nguyen ဦးဆောင်သော ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းသို့ ဒီဇင်ဘာလ ၉ ရက်နေ့၊ မနက် ၁၀ နာရီက လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
Saturday, December 05, 2015
Friday, December 04, 2015
Tuesday, December 01, 2015
အားလုံး အာရုံစိုက်ရမယ့်ကိစ္စက ရွေးကောက်ပွဲရလဒ်ကို အောင်အောင်မြင် မြင်နဲ့ အာဏာလွှဲပြောင်းနိုင်ဖို့
တိုင်းပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ဖို့ ကြိုးစားနေချိန် ၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါပြီ။ ဒီလိုအချိန်မှာ စစ်တပ် ကျောထောက် နောက်ခံပြုထားတဲ့ ဦးသိန်းစိန် အစိုးရက နိုင်ငံရေး အာဏာကို အလွယ်တကူ လွဲပြောင်းပေးမှာလားဆိုတာ အများပြည်သူက စိတ်ဝင်စားလျက် ရှိပါတယ်။ အာဏာ အသွင် ကူးပြောင်းမှု ချောမွေ့ရေး၊ ကြားကာလ နိုင်ငံရေး တည်ငြိမ်ရေး၊ အစိုးရသစ်နဲ့ တပ်မတော် ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးတို့ အကြောင်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦး ဖြစ်သူ ဦးကိုကိုကြီးကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
Tuesday, November 24, 2015
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ် ၈၈မျိုးဆက်-ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲ ကိစ္စရပ်များ၊ နောက်ထပ် အရေးကြီးသော ခြေလှမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေး
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ် ၈၈မျိုးဆက်-ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်များနှင့်တွေ့ဆုံ ၍ ရွေးကောက်ပွဲကိစ္စရပ်များ၊ နောက်ထပ် အရေးကြီးသော ခြေလှမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ ကြောင့်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ၏ facebook စာမျက်နှာ ဖြစ်သည့် U.S Embassy Rangoon တွင် ဖော်ပြထားရှိသည်။
Monday, November 23, 2015
စစ်ပွဲတွေ ရပ်ဖို့ ၈၈ နဲ့ အနုပညာရှင်များ ပူးပေါင်း လှုပ်ရှားမည်
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားလျှက်ရှိသော စစ်ပွဲများရပ်တန့်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် လှုပ်ရှားမှု တစ်ခုပြုလုပ်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းအဖွဲ့အစည်းက အနုပညာရှင်များ နှင့် နိုဝင်ဘာ ၂၃ရက် နေ့လည် ၁နာရီက ဆွေးနွေးခဲ့သည်။
Wednesday, November 18, 2015
လက်ရှိကတော့အနိုင်ရပါတီနဲ့အစိုးရကြားတွေ့ဆုံမှုကတော့ မဖြစ်မနေလုပ်ရမှာပဲ ဦးကိုကိုကြီးနှင့်တွေ့ဆုံခြင်း
ရှစ်လေးလုံးအရေးတော်ပုံတွင် အရေးပါသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ယခင်အစိုးရလက်ထက်တစ်လျှောက်လုံးနီးပါး အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည့် ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးမှာ ဦးကိုကို ကြီးဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ပါတီက ရွေးချယ်ခြင်းမပြုသဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးကို လက်လွှတ်ခဲ့ရသည်။ လက်ရှိတွင် အရပ်ဘက်လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်နေသော ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးအား ကျင်းပပြီးစီးသွားသည့် ရွေးကောက်ပွဲနှင့် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာကိစ္စရပ်များကို 7Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Thursday, October 15, 2015
မဲမသမာမှုတွေကိုပါ ဖော်ထုတ်ကြဖို့ ကိုမင်းကိုနိုင်တိုက်တွန်း
လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးရုံနဲ့ မပြီးဘဲ မဲမသမာမှုတွေကို စောင့်ကြည့် ပြီး ဖော်ထုတ်တိုင်ကြားရမယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ပြောပါတယ်။ ဒီနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ ဟုတ်ကျန့်ဘုံကျောင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပ တဲ့ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာဖြစ်ပါတယ်။
Wednesday, October 14, 2015
ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးစာချုပ်(NCA) လက်မှတ်ရေးထိုးပွဲမှာ ၈၈မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ ဘာကြောင့် သက်သေအဖြစ် ပါ ၀င်လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တာပါလဲ။ကျွန်တော်တို့လည်း အားလုံး ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်စေချင်တယ်။ ဖြစ်ဖို့လည်းအ တတ်နိုင်ဆုံး ကျွန်တော်တို့ ကြိုးစား ခဲ့ပါတယ်။
Tuesday, October 13, 2015
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲတွင် ၈၈ ငြိမ်းပွင့် သက်သေအဖြစ် ပါဝင်လက်မှတ်ထိုးမည်
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးကြမည့်တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ် စဲရေးစာ ချုပ်(NCA)လက်မှတ်ရေးထိုးပွဲ တွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက သက် သေအဖြစ် ပါဝင်လက်မှတ်ရေး ထိုးရန် ဆုံးဖြတ်လိုက်ကြောင်း ယင်းအဖွဲ့မှ ခေါင်းဆောင်တစ် ဦးဖြစ်သူ ဦးကိုကိုကြီး က ပြော ကြားသည်။
Thursday, October 08, 2015
၈၈ ငြိမ်း/ပွင့် မှော်ဘီနှင့် လှိုင်သာယာစက်မှုဇုန်တွင် ဆန္ဒမဲ အသိပညာပေးမည်
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်း) အနေဖြင့် မှော်ဘီမြို့နယ်နှင့် လှိုင်သာယာ စက်မှုဇုန်များတွင် ဆန္ဒမဲ အသိပညာပေး လုပ်ငန်းများ သွားရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရှိရသည် ။မှော်ဘီမြို့နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၈ တွင် သွားရောက်ကာ မဲအသိပညာပေးခြင်းကို လုပ်ဆောင်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း)မှ မနီလာသိန်းက ဆိုသည် ။
Wednesday, October 07, 2015
၈ လေးလုံးခေါင်းဆောင်တွေ ရွေးကောက်ပွဲ ပညာပေးဟောပြော
တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ အတွက် ရွေးကောက်ပွဲ နည်းလမ်းဟာ တခုတည်း နည်းလမ်း မဟုတ်ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပန်းဘဲတန်းမြို့နယ်မှာ အင်္ဂါနေ့ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံရေးပါတီများ မဲမသမာမှု ကလိမ်ကကျစ်ကျမှုများကို ပိုမိုအာရုံစိုက်ရန် လိုဟု ဦးမင်းကိုနိုင်ပြော
နိုင်ငံရေးပါတီများသည် မိမိအားပေးသည့် မဲနှင့် အနိုင်ရရှိရေးစဉ်းစားမနေဘဲ မဲစာရင်းတွင် မသမာမှု၊ ကလိမ်ကကျစ်ကျမှုများကို ယခုထက်ပို၍ အာရုံ စိုက်ကြရန်လိုအပ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးမင်းကိုနိုင်က ပြော ကြားသည်။
Tuesday, September 22, 2015
ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တရားမျှတမှုမရှိပါက ငြိမ်းချမ်းရေးရရန် အလှမ်းဝေးနေဦးမည်ဟု ဦးမင်းကိုနိုင်ပြော
လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများမှာ တရားမျှတမှုကင်းမဲ့၍ဖြစ်ပေါ် လာရခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တရားမျှတမှုမရှိပါက ငြိမ်းချမ်းရေးရရှိရန် အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)မှ ခေါင်းဆောင်ဦးမင်းကို နိုင်ကပြောကြားသည်။
Tuesday, August 25, 2015
သဘောထားကွဲလွဲမှု မရှိကြောင်း NLD နဲ့ ၈၈ အဖွဲ့တို့ ပူးတွဲထုတ်ပြန်
၈၈မျိုးဆက် ငြိမ်းချမ်းရေးအဖွဲ့နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား သဘောထားတွေ ကွဲကုန်ကြ ပြီဆို ပြီး ရေးသားပြောဆိုနေကြတာဟာ မှားယွင်းကြောင်း ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိရေး NLD နှင့် ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်း ဆောင်ရွက်မည်
လာမယ့် ရွေးကောက်ပွဲတွေကို လွတ်လပ်မျှတမှုရှိရှိ ကျင်းပနိုင်ရေးအတိုက်အခံပါတီ NLD အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသား တွေနဲ့ တိုင်းရင်းသားတွေ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကြေညာလိုက် ပါတယ်။ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ အခုလို လက်တွဲဆောင်ရွက်မယ့် အစီအစဉ်တွေ ထွက်ပေါ်ခဲ့တာ ပါ။ အသေးစိတ် မဆုမွန်က တင်ပြထားပါတယ်။
Tuesday, August 18, 2015
၈၈ မျိုးဆက်ငြိမ်း/ပွင့်တွေနှင့်လူ့ဘောင်သစ်ပါတီ မဟာမိတ်လုပ်မည်
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်လူ့ဘောင်သစ်ပါ တီတို့ မဟာမိတ်ပြုလုပ်၍ စစ်မှန်သည့်ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ် ထွန်းရေး၊ တိုင်းရင်းသားများတန်းတူညီမျှရေးနှင့် ဒီ မိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ်တည်ထောင်ရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်းသွား မည်ဖြစ်ကြောင်း သိရသည်။
၈၈ ခေါင်းဆောင် ဦးကိုကိုကြီးနှင့် မဇ္ဈိမမီဒီယာတို့ သီးသန့် တွေ့ဆုံမေးမြန်းခြင်း
၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၈၀ကျော်သာ ကျန်ရှိတော့သည့် အချိန်၌၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ နေရာအပြောင်း အလဲ ဖြစ်ပေါ်ခဲ့သည်။အာဏာရပါတီခေါင်းဆောင် အပြောင်းအလဲနှင့်အတူ နိုဝင်ဘာရွေးကောက်ပွဲ အပေါ် သက်ရောက်မှုများ၊ လက်ရှိနိုင်ငံရေးအပေါ်အမြင်၊ သမ္မတလောင်းအ ခက်အခဲ၊ ၈၈ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံငြိမ်း ချမ်းရေးဖြစ်စဉ်တို့ အပါအ၀င် ၂၀၁၅ အလွန် ၈၈ မျိုးဆက် များ၏ ရပ်တည်ချက် စသည်တို့ကို၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးကိုကိုကြီး အား သြဂုတ်လ ၁၇ ရက်တွင် ၄င်း၏ ရန်ကုန် မြို့ နေအိမ်၌ မဇ္ဈိမ အကြီးတန်းသတင်းထောက် ဟိန်းကိုစိုး က သီးသန့် တွေ့ဆုံ မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-






















